ကျောက်ဆည်မြို့နယ်ကောင်းတင်ကျေးရွာတွင် ငရုတ်သီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကောင်းတင်ကျေးရွာတွင် စိုက်ပျိုးထားသော ငရုတ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး ငရုတ်သီးနှံများကို တိုက်နယ်(၁) ကျေးရာအုပ်စု(၇)အုပ်စုတွင် (၉၇၂)ဧက၊ တိုက်နယ်(၂) ကျေးရွာအုပ်စု(၅)အုပ်စုတွင် (၆၂၉)ဧက၊ တိုက်နယ်(၃) ကျေးရွာအုပ်စု(၁၀)အုပ်စုတွင် (၃၂)ဧက၊ တိုက်နယ်(၄) ကျေးရွာအုပ်စု(၈)အုပ်စုတွင် (၁၁၃)ဧက၊ တိုက်နယ်(၆) ကျေးရွာအုပ်စု(၅)အုပ်စုတွင် (၆၀၆)ဧက၊ တိုက်(၈) ကျေးရွာအုပ်စု (၈) အုပ်စုတွင်(၄၅)ဧက၊ တိုက်နယ်(၉)ကျေးရွာအုပ်စု (၅) တွင် (၃၀၇)ဧက၊ တိုက်နယ်(၁၀)ကျေးရွာအုပ်စု (၆)အုပ်စုတွင်(၁၄၆၆)ဧက၊ တိုက်နယ်(၁၁)ကျေးရွာအုပ်စု(၆)အုပ်စုတွင် (၉၆)ဧက၊ တိုက်နယ်(၁၂) ကျေးရွာအုပ်စု (၇)အုပ်စုတွင် (၁၀၈၆)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် (၆၉၂)ငရုတ်မျိုးများ အဓိကစိုက်ပျိုးကြပြီး ငရုတ်သီးနှံတစ်ဧက စိုက်ပျိုးမည်ဆိုက မျိုးထုပ်(၁၅)ထုပ်ခန့် ပျိုးထောင်ရကြောင်း ကုန်ကျစရိတ်အနေဖြင့် မြေပြင်သည်မှစ၍ အခင်းပျက်သည်အထိ ငွေကျပ် (၃၀)သိန်းခန့် ကုန်ကျစရိတ်ရှိကြောင်း ထွက်နှုန်းအနေဖြင့်  တစ်ဧက အခြောက်တင်းပေါင်း (၃၀၀)မှ(၅၀၀) အထိထွက်ရှိကြောင်း ကုန်းကြီးကျေးရွာမှ ငရုတ်စိုက်တောင်သူ ဦးတင်လင်းက ပြောပြသည်။

သက်မောင်