မြစ်သား ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍စာရေးဆရာမင်းစိုးရေးသားသောလူငယ်နှင့်အပြောင်းအလဲစာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက်( ၁၀ )နာရီက မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်သီတာအောင်က စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ခြင်းအားဖြင့် စာဖတ်ရှိန်များပိုမိုမြင့်တက်လာပြီး အသိပညာဗဟုသုတများကြွယ်ဝလာကာ အမှားနှင့်အမှန်ကောင်းစွာ ခွဲခြားဆုံးဖြတ်နိုင်ပြီးအချိန်ကို အကျိုးရှိစွာအသုံးချသူများဖြစ်စေရန်စသည့် ရည်ရွယ် ချက်များကိုရှင်းလင်းပြောကြားပြီး မြို့နယ်စာအုပ်စာစောင်များ ချစ်မြတ်နိုးသူများအဖွဲ့ဝင်ဆရာကြီးဦးကျော်နိုင်က “လူငယ်နှင့်အပြောင်းအလဲ”ခေါင်းစဥ်ပါ လူငယ်ဆိုတာအနာဂတ်မှာ ဦးဆောင်ဦးရွက်ပြုမှုတွေနဲ့ တစ်မျိုးသားလုံးအတွက် အားကိုးအားထားရမယ့်တာဝန်ကိုယ်စီရှိကြောင်းနှင့်ဖေ့စ်ဘုတ်ခ်ကို တည်ထောင်ခဲ့သူမက်ဇက်ကာ ဘက်အကြောင်းဖတ်ကြားဆွေးနွေးပြီး(Youth Club)အသင်းအဖွဲ့ဝင်ဦးအေးချစ်က “လူငယ်နှင့်မိတ်ဆုံစားပွဲ” ခေါင်းစဥ်ပါအခြားသူများ၏ အပြစ်ကိုမကြည့်ရာ၊မပြောရာ၊အခြားသူများ၏ အဆိုပါကောင်းမှု၊ မကောင်းမှုပြု၊ မပြုကိုလည်း မကြည့်ရာ၊ မိမိ၏ကောင်းမှုပြုသည်၊ မပြုသည်ကိုသာကြည့်ရာအဆိုကို ဖတ်ကြားဆွေးနွေးသည်။
ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်က “နွေဦးကာလ မြူထသောအခါ”ခေါင်းစဥ်ပါ နွေဦးကာလမြူထ သောအခါကဗျာကိုဖတ်ကြားပြီး ဆရာ ကြီးဦးကျော်နိုင်မှ မိမိတို့အနေနဲ့လည်း နွေဦးကာလမှာလောဘ၊ ဒေါသ၊ မောဟ၊မာနစတဲ့ ကိလေသာမြူများ ထလာမယ်ဆိုရင်ဒီမြူတွေကို သုတ်သင်ရှင်းလင်းနိုင်ကာ လှပတဲ့ဘဝများကို ဖန်တီးတည်ဆောက်နိုင်ကြပြီး အေးမြသောဘဝပိုင်ရှင်များဖြစ်အောင် ပြုမှုနေထိုင်တတ်ကြစေကြောင်း ဆွေးနွေးပြောကြားကာစာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက သိလိုသည်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)