ရပ်စောက် ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအပြင် ပြည်သူလူထု တို့၏လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် ဗထူးတပ်နယ်နှင့် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်းပြီး ယမန်နေ့နံနက် ၇ နာရီမှ နေ့လည် ၁ နာရီအထိ ယမ်းတွင်း ငါးကြောင်ကျေးရွာအုပ်စု၊ ပန်းမန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ်အမှတ်(၄)၊ တပ်မတော်ဆေးရုံ(ခုတင်-၁၀၀) နယ်လှည့် ဆေး ကုသရေးအဖွဲ့၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) နယ်လှည့်ဆေးကုသရေး အဖွဲ့နှင့် မြို့နယ် တိုင်းရင်းဆေးကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးနှံပေးခြင်း၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးဦးစီးဌာနမှ ယမ်းတွင်းငါးကြောင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၁၅)ရွာအတွင်းရှိ တောင်သူပေါင်း(၄၉၈)ဦး၊ ဦးပိုင်ပေါင်း (၅၈၉)၊ ဧရိယာ(၂၈၁၈.၅၀)အား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ-၇ များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျေးရွာတာဝန်ခံများနှင့်တွေ့ဆုံကာ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၏ လမ်းတံတား၊ ရေရရှိရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
ဆုမွန်(မြို့နယ်ပြန်/ဆက်)