ရန်ကုန် ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၅)ခုတို့တွင် ကျောင်းသား၊ ကျောင်းသူ(၁၂၃၇)ဦးတို့က ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အင်းစိန်မြို့နယ်တွင် စာစစ်ဌာန(၅)ခုဖြစ်သော အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.က(၆)၊ အ.လ.က(၁၃)ကျောင်းတို့ဖြစ်ပြီး ဘာသာတွဲ(၃)ခုတို့ဖြင့် ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။
အင်းစိန်မြို့နယ်၌ စာစစ်ဌာန(၅)ခုတို့တွင် ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား(၄၅)ဦး၊ ကျောင်းသူ(၅၇)ဦးနှင့် ကျောင်းပြင်ပဖြေဆိုမည့် ကျောင်းသား(၅၀၅)ဦး၊ ကျောင်းသူ(၆၃၀)ဦး ကျောင်းတွင်း၊ ကျောင်းပြင်ပ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၂၃၇)ဦးတို့က ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ရာ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနက် ကျောင်းပြင်ပဖြေဆိုမည့် မျက်မမြင်(၇)ဦးနှင့် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဥ်းသား(၁၁)ဦးတို့လည်း ဝင်ရောက်ပါဝင်ဖြေဆိုမည်ဖြစ်ကြောင်းနှင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကိုသက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတို့တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ ဆက်)