ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ပုဗ္ဗသီရိမြို့နယ် စာရေးဆရာအသင်း မျက်နှာစုံညီ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်လတ်(မောင်လတ်-ကမ်းရိုးတန်း)က အမှာစကားပြောကြားခဲ့ပြီး အတွင်း ရေးမှူး ဦးဘိုသန်း(ဘုန်းရဲနိုင်-ဂန့်ဂေါ)မှ အသင်း၏ အခြေအနေများကို ရှင်းလင်းတင်ပြရာ စာရေးဆရာများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့သည်။ ထို့နောက် အမှုဆောင်အသစ်များကို လျှို့ဝှက်မဲပေးစနစ်ဖြင့် အသစ်ပြန်လည်ရွေးချယ်ခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး အသစ်များကို အတည်ပြုကြေညာကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်း၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူးဒေါ်အိအိဖြိုးနှင့် ပုဗ္ဗသီရိမြို့နယ် စာရေးဆရာအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)