တံတားဦး ဖေဖော်ဝါရီ ၂၄
တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့်သူများကို ဖြေဆိုခွင့်ကတ်ပြားများကို ယနေ့နံနက်ပိုင်းကစ၍ စာစစ်ဌာန(၂)ခု၌ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနှင့် အထက- ချောင်းခွ စာစစ်ဌာန စုစုပေါင်းစာစစ်ဌာန(၂)တို့၌ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည် ။ အထက-တံတားဦး စာစစ်ဌာနတွင် ကျောင်းတွင် ဖြေဆိုမည့်သူ(၄၂၃)ဦးရှိပြီး၊ ဝိဇ္ဇာတွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ (၁၉)ဦး ၊သိပ္ပံတွဲဖြေဆိုမည့် ကျောင်းသား ၊ ကျောင်းသူ(၂၄၂)ဦး ၊ ဝိဇ္ဇာတွဲနှင့် သိပ္ပံတွဲနှစ်ခုပေါင်းဖြေဆိုမည့် ကျောင်းသား ၊ ကျောင်းသူ(၁၂၄)ဦးဖြစ်ပြီး ၊ အထက-ချောင်းခွစစ်ဌာန ကျောင်းတွင်ဖြေဆိုမည့် ကျောင်းသား၊ကျောင်း သူ(၁၄၈)ဦးရှိပြီး၊ ဝိဇ္ဇာတွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး၊ သိပ္ပံတွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၉၅)ဦး၊ ဝိဇ္ဇာတွဲနှင့် သိပ္ပံတွဲ နှစ်ခု ပေါင်းဖြေဆိုမည့် ကျောင်းသား ၊ ကျောင်းသူ(၂၃)ဦးဖြစ်ကြောင်း သိရသည် ။
ဦးရဲတင့်( ပြန်/ဆက်)