တုံတာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဟောပြောပွဲ၊‌ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲ ပြုလုပ်

တုံတာ ဖေဖော်ဝါရီလ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ဟောပြောပွဲ‌၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်စာ‌စောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီခွဲချိန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာထောက်-၃ ဒေါ်အဲန်း‌မေရီက‌‌ စာကြည့်တိုက်သည် ပညာဘဏ်တိုက်အကြောင်းကို ကလေးများအသိပညာ ဗဟုသုတများစွာ တိုးပွား‌စေရန်နှင့် သမိုင်းအ‌ကြောင်းလည်း ရည်ရွယ်၍ အကျယ်တဝန်း ‌ရှင်းလင်းပြောကြားခဲ့ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲကို‌ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၆)ဦးက ဝင်‌ရောက်ယှဉ်ပြိုင်ကြပြီး အသိပညာ ဗဟုသုတများစွာ ပါဝင်သည့် စာအုပ်စာစောင်များပြသခဲ့ပြီး ကလေးအလုပ်သမား‌ပျောက်‌ရေး နံရံကပ်စာစောင်ကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသာ၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ဆုအသီးသီးကို ချီးမြှင့်ပေးခဲ့‌ကြောင်း သိရှိရသည်။

အဲန်းမေရီ