မိုင်းဖြတ်မြို့နယ်၌ ကျေးရွာချင်းဆက်ကြိုးတံတား ပြန်လည်ပြုပြင်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မိုင်းဖြတ် ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ဆိုင်းလေကျေးရွာအနီး နမ့်လုံချောင်းပေါ်တွင် တည်ဆောက်ထားသည့် ကျေးရွာချင်းဆက်ကြိုတံတား ပြန်လည်ပြုပြင်နိုင်ရေးအတွက် ကွင်းဆင်းကြည့် ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာနနှင့် တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ နမ့်လုံချောင်းပေါ်တွင် တည်ဆောက်ထားသည့် ဆိုင်းလေ-နားအယ်-နမ်ဟိုင်းစသည့် ကျေးရွာများသို့ ဆက်သွယ်သွားလာနိုင်သည့် ကျေးရွာချင်းဆက်တံတား ပြန်လည်ပြုပြင်နိုင်ရေးအတွက် မြေပြင်အခြေအနေ များကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာချင်းဆက် ကြိုးတံတားသည် နမ့်လုံချောင်းပေါ်တွင် တံတားအရှည် (၂၄၀)ပေရှိ တည်ဆောက် ထားခြင်းဖြစ်ပြီး ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၁၁ရက်နေ့မှ ၁၃ရက်နေ့အထိ မိုးအဆတ်မပြတ် ရွာသွန်းမှုကြောင့် ချောင်းရေကြီးမှုဖြစ်ပွားခဲ့ပြီး  တံတားပျက်စီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)