မက်မန်း ဖေဖော်ဝါရီ ၂၄
၂၀၂ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းမှ ကျောင်း သား/ကျောင်းသူ (၃၆)ဦးဝင်ရောက်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ မက်မန်းမြို့မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၁၉)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊(ရောင်အူကြီး)မှ ကျောင်သား/သူ (၃)ဦး၊ အလွတ်ဖြေ (၁၄)ဦး၊ စုစုပေါင်း(၃၆)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။ မတ်လအတွင်းကျင်းပမည့် တက္ကသိုလ် ဝင်တန်းဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အောင်ချက်မြင့်မာရေးအတွက် ကျိုင်းတုံတက္ကသိုလ်မှ နည်းပြများမှလည်း လာရောက်ဖြည့်သင်ကြားခဲ့ပြီး အခြေခံပညာအထက်ကျောင်းများမှ ဆရာ/ဆရာမ များကလည်း ကြိုးစာသင်ကြား ပို့ချပေးလျက်ရှိကြောင်း၊ ယမန်နှစ်တွင် မက်မန်းမြို့နယ်အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၌ ဒုတိယအောင်ချက် မြင့်မားသောမြို့နယ်အဖြစ် ရပ်တည်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)