ဆီဆိုင် ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စေတနာရှင်များ စုပေါင်းအားဖြင့် တည်ဆောက်မည့် မီးသင်္ဂြိုလ်စက်အတွက် လုပ်ငန်းစတင်နိုင်ရန် မြေသန့်မင်္ဂလာနှင့် ပန္နက်တင်ခြင်းမင်္ဂလာကို ယနေ့နံနက် ၇ နာရီက မြကန်သာရပ်ကွက်အတွင်းရှိ ဆေးရုံသုဿာန်၌ ပြုလုပ်သည်။
ရှေးဦးစွာ မီးသင်္ဂြိုလ်စက်မြေနေရာတွင် ဥတ္တရာရုံကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကေသရနှင့် သံဃာတော်များထံမှ မြေသန့်ပရိတ်တရားတော်နာယူ၍ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် စေတနာရှင် အလှူရှင်များက မီးသင်္ဂြိုလ်စက်နှင့် တရားနာနေရာ(ဇရပ်) တည်ဆောက်မည့်မြေနေရာတို့၌ ပန္နက်ရိုက် မင်္ဂလာ ပြုလုပ်ခဲ့ကြသည်။
စေတနာရှင်များ စုပေါင်းအားဖြင့် တည်ဆောက်မည့် မီးသင်္ဂြိုလ်စက်သည် (၃၀ပေ၊ ၄၅ပေ)ဖြစ်ပြီး တရားနာနေရာ(ဇရပ်)အား (၇၂ပေ)ပတ်လည်ဖြင့် တည်ဆောက်မည်ဖြစ် ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)