မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

မိုင်းပန် ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများစုပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယခုကဲ့သို့ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများမှ ဖေဖော်ဝါရီလ (၁၅)ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၄)ပါ စာမျက်နှာ(၁၀) “ပညာကိုသာ ကြိုးစားပါ”ခေါင်းစဉ်ကိုလည်းကောင်း၊ စာမျက်နှာ(၁၆)ပါ “သွေးတိုးရောဂါကြောက်စရာ ကြိုတင်ကာကွယ်ပါ”ခေါင်းစဉ်နှင့် “အလှအပအတွက် ကော်ဖီမှုန့်ကိုအသုံးပြုကြမယ်” ခေါင်းစဉ်များကိုလည်းကောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ခင်းကျင်းပြသထားရှိသော မြို့နယ်အတွင်း လှုပ်ရှားမှု နံရံကပ် စာစောင်များကို စာပေချစ်မြတ်နိုးသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)