ခရမ်းမြို့နယ်တွင် ၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ၌ စာစစ်ဌာန(၁)ခုတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၄၇)ဦး  ဝင်ရောက်ဖြေဆိုမည်

ခရမ်း ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် စာစစ်ဌာန(၁)ခုမှ  ကျောင်းသား၊ ကျောင်းသူစုစုပေါင်(၃၄၇)ဦးတို့က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ၌  ဝင်ရောက်ဖြေဆိုရန်အတွက်  လျှောက်လွှာများတင်သွင်းထားရှိကြောင်း သိရသည် ။

အ.ထ.က၊  (၁) ခရမ်းကျောင်းတွင်  စာဖြေဌာန (၁) ခုဖွင့် လှစ်၍ ဝိဇ္ဇာတွဲဘာသာတွင် ကျောင်းသား/ ကျောင်းသူ(၆)ဦး၊ သိပ္ပံတွဲဘာသာတွင် ကျောင်းသား၊ ကျောင်းသူ(၁၀၂)ဦး၊ ဝိဇ္ဇာတွဲနှင့် သိပ္ပံတွဲနှစ်ပေါင်းဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ(၂၃၉)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၃၄၇)ဦးဖြစ်ပြီး ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် ကဒ်ပြားများကို အ.ထ.က-၁ စာစစ်ဌာနတွင်ထုတ် ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုမင်း (ပြန်/ ဆက်)