နမ့်ဆန်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ဖြေဆိုခွင့်ကတ်များ စတင်ထုတ်ပေး

နမ့်ဆန် ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ ခုနှစ်၊ မတ်လ(၈)ရက်နေ့မှ (၁၈) ရက်နေ့ထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့်ကတ်များကို ယမန်နေ့ ဖေဖော်ဝါရီလ (၂၃)ရက်နေ့မှစ၍ ကျောင်းသား/ကျောင်းသူများအား စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုကတ်များထုတ်ပေးရာတွင် မြန်မာနိုင်ငံစာစစ်ဌာနမှ ထုတ်ပြန်ချက်များအတိုင်း ထုတ်ပေးနေခြင်းဖြစ်ပြီး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ(၁)နာရီမှ ညနေ (၃) နာရီအထိ၊ နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ရာ လိုင်စင်ဓာတ်ပုံ(၁)ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(သို့မဟုတ်) အိမ်ထောင်စုဇယား(ပုံစံ -၁၀) မိတ္တူယူဆောင်၍ စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူကိုယ်တိုင် လာရောက် ထုတ်ယူနိုင်ကြောင်းသိရပြီး၊ ဝင်ခွင့်ကတ်လာရောက်ထုတ်ယူသည့် ကျောင်းသားများအနေဖြင့် မိမိဖြေဆိုရမည့် စာစစ်ဌာနနှင့် ခုံအမှတ်များ၊ ဖြေဆိုရမည့်အခန်းများကို ကြော်ညာဘုတ်များတွင် တစ်ပြိုင်နက် ကြည့်ရှုမှတ်သားနိုင်ရန်လည်း စီစဉ်ထားရှိကြောင်း သိရသည်။

နမ့်ဆန်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁)(ပင်မ)စာစစ်ဌာန(၁)ခုတည်းသာ ဖွင့်လှစ်ပေးသွားမည်ဖြစ် ကြောင်း သိရပြီး၊ အဆိုပါစာစစ်ဌာန၌ ဘာသာတွဲ(၁)တွင် ကျား(၃၉)ဦး၊ မ(၁၀၈)ဦး၊ ဘာသာတွဲ(၂)တွင် မ(၂)ဦးနှင့် ဘာသာတွဲ(၇)တွင် ကျား(၁၈)ဦး မ(၁၆၀)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၂၁၇)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားရှိကြောင်း သိရသည်။ 

နမ့်ဆန်ဒေသ(ပြန်/ဆက်)