ဆည်တွင်းကျေးရွာတွင် မုန်ညင်းရွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ

ရမည်းသင်း ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ဆည်တွင်းကျေးရွာတွင် မုန်ညင်းရွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးကို တစ်ဖတ်တစ်လမ်းမှ အထောက်အကူပြုနေသည်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ မုန်ညင်းရွက် စိုက်ပျိုးရာတွင် နွားချေး၊ မြေဆွေးများများ ထည့်ပေးရ‌တယ် ရေဝပ်လို့လည်း မရဘူး မုန်ညင်းက အစိုဓာတ်ကိုကြိုက်‌တော့ရာသီဥတု အ‌ပေါ်မူတည်ပြီး ရေသွင်းပေးရပြီး အားဆေးများ ပတ်ဖျန်းပေးရကြောင်းနှင့် စိုက်ပျိုးပြီး တစ်လဆိုရင် မုန်ညင်းရွက်များ ခူးဆွတ်‌ရောင်းချလို့ရပြီဖြစ်ကြောင်း သိရသည်။ 

မုန်ညင်းရွက်တစ်စီးကို(၄၀)ကျပ်ဖြင့် ရောင်းချပြီး တစ်ရက်လျှင် မုန်ညင်းရွက်အစီး (၄၀၀) ရရှိကာ ပုံမှန်ဝင်ရရှိ၍  မိသားစုစားဝတ်နေရေးကို တစ်ဖတ်တစ်လမ်းမှ အထောက်အကူပေးလျက်ရှိကြောင်း မုန်ညင်းရွက်စိုက်ပျိုးရောင်းချသူ ဦးဖိုးသားထံက သိရသည်။

ခရိုင် (ပြန်/ဆက်)