မိုင်းယောင်းမြို့၌ နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မိုင်းယောင်း  ဖေဖော်ဝါရီ  ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် စိုက်ပျိုးထားသော နွေစပါးစိုက်ခင်းများသည် ယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့တွင် ယခုနှစ် နွေစပါး ၆၈ ဧက စိုက်ပျိုးဆောင်ရွက်နေကြောင်း၊ ဒေသခံတောင်သူများ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဘက်ပေါင်းစုံမှ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ နွေစပါးနှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ အလေအလွင့် နည်းပါးရေးနှင့် ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး၊ ဓာတ်မြေဩဇာအသုံးပြုနည်း၊ စိုက်ပျိုးမြေ ပြန်လည်ကောင်းမွန်ရေး၊ အထွက်နှုန်းကောင်း စပါးမျိုးစိုက်ပျိုးရေး၊ ပိုးမွှားကာကွယ်နှိမ်နင်းရေးများကို စိုက်ပျိုးရေးဦးစီးဌာနမှ  အသိပညာပေးလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း