တောင်ကုတ် ဖေဖေါ်ဝါရီ ၂၃
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းမှစ၍ သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာန(၅)ခု ဖွင့်လှစ်သွားမည်ဖြစ်ပြီး စာစစ်ဌာနများအဖြစ် မြို့ပေါ်တွင် အမှတ်(၁)၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းများ၌ လည်းကောင်း၊ တန်းလွဲမြို့တွင် အ-ထ-က (ရွာမ)၌လည်းကောင်း ၊ လမူးမော်ရွာတွင် အ-ထ-က ၌လည်းကောင်း ၊ မအီမြို့တွင် အ-ထ-က(မအီ)၌လည်းကောင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းတွင်းမှ ဖြေဆိုမည့်သူ(၂၉)ဦး၊ ပြင်ပမှ ဖြေဆိုမည့်သူ (၁၀၀၉)ဦး စုစုပေါင်း (၁၀၃၈)ဦးရှိကြောင်းနှင့် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးခြင်းကို သက်ဆိုင်ရာ စာစစ်ဌာနများမှ ဘာသာတွဲအလိုက် ဖေဖော်ဝါရီ (၂၁) ရက် နေ့မှ မတ်လ(၈)ရက်နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)