မရမ်းကုန်းမြို့နယ်၌ သဘာဝဘေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်း ဆက်လက်သင်ကြား

မရမ်းကုန်းဖေ​ဖော်ဝါရီ ၂

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်()ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၌ ယမန်​နေ့နံနက်ပိုင်းက သဘာဝဘေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွါး)သင်တန်း ဒုတိယ​နေ့အဖြစ် ဆက်လက်သင်ကြား​ပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများက သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားပို့ချ​ပေးလျက်ရှိပြီး ရှေးဦးပြုစုခြင်းဘာသာရပ်ကို ခရိုင်ကြက်​ခြေနီတပ်ဖွဲ့မှူး၊ မြို့နယ်တပ်ဖွဲ့မှူး၊ ဒုမြို့နယ်တပ်ဖွဲ့မှူးများက စာ​တွေ့လက်​တွေ့သင်ကြားပို့ချခဲ့ရာ သင်တန်းကာလမှာ(၂၂--၂၀၂၃) ရက်​နေ့မှ (၂၄-၂-၂၀၂၃)ရက်​နေ့ထိ စုစု​ပေါင်း(၃)ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်​ကြောင်း သိရသည်။

​အေး​အေး​အောင်(ပြန်/ ဆက်)