ရွှေပြည်သာ ဖေဖော်ဝါရီ ၂၃
ကျောင်းသား/သူများအား ကျောင်းအားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ပညာရေးမြင့်မားသောနိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီတို့ပူးပေါင်းဖွင့်လှစ်သည် Physical Fitness Dance သင်တန်းကိုယနေ့နံနက် (၉)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Center ခန်းမ၌ဖွင့်လှစ်သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးနှင့်မြို့နယ်အားကစားမှူးဦးဇော်ဇော်လင်းတို့က သင်တန်းဖွင့်လှစ်ပေးခြင်းရည်ရွယ်ချက်များအားရှင်းလင်းပြောကြားခဲ့သည်။
Physical Fitness Danceသင်တန်းကို ဖေဖော်ဝါရီ ၂၃ရက်နေ့မှ၂၄ရက်နေ့ အထိ(၂)ရက် သင်ကြားပေးသွားမည်ဖြစ်ပြီးသင်တန်းသို့ ကျောင်းသား/သူ ၂၅ဦးတက်ရောက်သင်ကြားသည်ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမြို့နယ်အားကစားမှူး ဦးဇော်ဇော်လင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ အားကစားပစ္စည်း(၄)မျိုးပေးအပ်လှူဒါန်းရာ ဦးစီးအရာရှိဒေါ်အေးအေးမိုးကလက်ခံရယူ၍ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရသည်။
သတင်းပေးပို့သူ နေမျိုးထွန်း(ရွှေပြည်သာ)