မြောက်ဦးခရိုင် လူငယ်အခန်းကဏ္ဍာမြင့်တင်ရေး သင်တန်းဖွင့်လှစ်ပို့ချ

မြောက်ဦး ဖေဖော်ဝါရီ ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်အတွင်းတွင် ရခိုင်ပြည်နယ်အကြံပေးကော်မ ရှင်၏ အကြံပြုချက်များအပေါ် အကော်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်အရ "ဒေသအဆင့် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်ရှိစေရေး စွမ်းဆောင်ရည်တည်ဆောက် ခြင်းဆိုင်ရာသင်တန်း" ခေါင်းစဉ်ဖြင့် “လူငယ်အခန်းကဏ္ဍမြှင့်တင်ရေးသင်တန်း”အား ယနေ့ နံနက် ၁၀ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း) အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချသည်။

အဆိုပါ သင်တန်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့်နည်းဥပဒေများ ခေါင်း စဉ်ဖြင့် အကျယ်တဝင့် ပို့ချခဲ့သည်။

ထို့နောက် မြောက်ဦးခရိုင် ၊ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မြတ်မွန်မှ ဒေသအဆင့် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်ရှိစေရေး စွမ်းရည်တည်ဆောက်ခြင်းဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သက်မော်က သဘာဝပတ်ဝန်းကျင်မပျက်စိုက်ပျိုးရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဌေးက ကမ္ဘာကြီးပူနွေးလာခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းနှင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပတ် ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဆန်းကျော်က လူသားတို့အသက်ရှင် နေထိုင် ရေးအတွက် အရေးကြီးသောသဘာဝပတ်ဝန်းကျင်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးပို့ချရာ တက်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသူများမှ သိရှိလိုသော အကြောင်းအရာများကို မေးမြန်းပြီး သင်တန်း ပိုချ ဆရာများမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ သင်တန်းသူ/သင်တန်းသား (၅၀) ဦးတက်ရောက်ပြီး သင်တန်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ၂ ရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြင့်စိုး ၊ စိုးငြိမ်းနိုင်