တပ်ကုန်း ဖေဖော်ဝါရီ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာမသက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) တို့ ပူးပေါင်း၍ လူငယ်နှင့်ယဉ်ကျေးမှုအသိပညာပေး (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
အဆိုပါ (Talk Show) အစီအစဉ်တွင် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့ က ယဉ်ကျေးမှုအဓိပ္ပာယ်၊ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ၊ ယဉ်ကျေးမှုထိန်းသိမ်းဖို့ လူငယ်တွေ သိရှိလိုက်နာရမယ့်အချက်များနှင့်အောင်မြင်တဲ့လူငယ်တွေဖြစ်ဖို့ ဘယ်လိုယဉ်ကျေးမှုတွေဖြစ်ပါ သလဲ စသည့်မေးခွန်းများကို ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါလူငယ်နှင့်ယဉ်ကျေးမှုအသိပညာပေး (Talk Show) အစီအစဉ်အပြည့်အစုံကို တပ်ကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင် (ပြန်/ဆက်)