သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မူလတန်းအဆင့် ပန်းချီအခြေခံသင် တန်းဖွင့်လှစ်

သံတွဲ ဖေဖော်ဝါရီ ၂၃

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်အတွင်း ကလေးငယ်များအသိပညာဗဟုတတိုးပွါးပြီး ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူလတန်းအဆင့်ပန်းချီအခြေခံသင်တန်းကို ​​ယနေ့နံနက်၁၁ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ရှိ အနုပညာခန်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါပန်းချီသင်တန်းကို  သံတွဲမြို့ရှိအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၃၆)ဦးအား နည်းပြဆရာ အထက(ခွဲ)ငကျော်တောင်ကျောင်းမှ (Grade-11) ကျောင်းသား မောင်မင်းခန့်စိုး က ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ မတ် ၁၀ရက်နေ့အထိတစ်ပတ်လျင်(၅)ရက် အခမဲ့သင်ကြားပေးသွားမည်ဖြစ်သည်။

ခရိုင်ပြန်/ဆက်၏