စစ်တွေမြို့၌ ကလေးသူငယ်အခွင့်အရေး ဥပဒေရှင်းလင်းဆွေးနွေးပွဲကျင်းပ

စစ်တွေ ဖေဖော်ဝါရီ ၂၃

ကလေးသူငယ်အခွင့်အရေး ဥပဒေရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ပြည်နယ်ဦးစီးမှူး ဦးမြင့်‌ဇော်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပါအချက်အလက်များ၊ ကလေးသူငယ်များ၏ရပိုင်ခွင့်များ၊ ကလေးသူငယ်မှုခင်းများ၊ ကလေးသူငယ်များအား ထောက်ပံ့ပေးနေသည့်အခြေအနေများ၊ ကလေးကာကွယ်စောင့်ရှောက်ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်နေသည့်အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်နွယ်က ကလေးသူငယ်များ၏ ကျောင်းပြင်ပ ပညာရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများ ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

မြင့်စိုး