လူငယ်နှင့်အားကစားအသိပညာပေး Talk Show သန်လျင်၌ ကျင်းပ

သန်လျင်  ဖေဖော်ဝါရီ  ၂၃

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင်ရုံး (သန်လျင်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက  လူငယ်နှင့် အားကစားအသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်သူဇာသန်း က လူငယ်များကျန်းမာသန်စွမ်းစေရန် ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ပြီး အားကစားတစ်ခုခုကို လေ့လာလိုက်စားသင့်ကြောင်း အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာသန်စွမ်းပြီး မြန်မာအားကစား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို အစဉ်အမြဲ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရုပ်သံ ()ဒေါ်အိအိချော က လူငယ်များအနေဖြင့် ကျောင်းစာတွေနဲ့တင် အချိန်မကုန်စေသင့်ဘဲ အားလပ်သောအချိန်များတွင် အားကစားတစ်ခုခုအား လိုက်စားသင့်ကြောင်းနှင့် ကျန်းမာရေးကောင်းမွန်မှသာ စာပေများကို လေ့လာလိုက်စားနိုင်မည် ဖြစ်ကြောင်းနှင့် အားကစားကို လေ့လာလိုက်စားခြင်းဖြင့် ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းကြံ့ခိုင်ခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ခြင်း၊ စိတ်ရွှင်လန်းတက်ကြွခြင်း၊ မိတ်ဆွေအပေါင်း အသင်းပေါများခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ခရိုင် (ပြန်/ဆက်)