ကျောက်ဖြူ ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)တို့ပူးပေါင်း၍ “လူငယ်နှင့်စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ အစိုးရနည်းပညာကောလိပ်ရှိ စုဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့(အဖွဲ့ဝင်) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကေသီဝမ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက လူငယ်စကားဝိုင်းပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်မှ (Moderator) ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ပြီး အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)မှ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ပထမနှစ်ကျောင်းသား မောင်ဉာဏ်ထက်လင်း၊ မြို့ပြအင်ဂျင်နီယာ ပထမနှစ်ကျောင်းသား မောင်ငြိမ်းခန့်သူ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ပထမနှစ်ကျောင်းသား မောင်မျိုးသက်၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ပထမနှစ်ကျောင်းသား မောင်နိုင်သန်းဦး၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ပထမနှစ်ကျောင်းသူ မထက်ထက်ဝေနှင့် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ပထမနှစ်ကျောင်းသူ မအေးအေးသိန်းတို့က “လူငယ်နှင့်စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများမှ ဆွေးနွေးပြောကြားချက်များအပေါ် မိမိတို့သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့သည်။ ထို့နောက် ဦးဆောင်ပါဝင်ဆွေးနွေးသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပေးအပ်သည့် အမှတ်တရလက်ဆောင်ပစ္စည်းများအား တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ပြီး အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၊ ကျောင်းအုပ်ကြီး ဒေါက်တာအောင်မွန်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစေင်များအား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း