ကျောက်တန်းမြို့နယ်၌ လူငယ်နှင့်စာရိတ္တအကြောင်းသိကောင်းစရာ ဆွေးနွေးပွဲ (Talk Show) ကျင်းပ

ကျောက်တန်း ဖော်ဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် လူငယ်နှင့်စာရိတ္တအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲ (Talk show) ကို ယနေ့နံနက် (၁၀) နာရီက ကျောက်တန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိ ဦးသန့်ဇင်ထွန်းက လူငယ်နှင့်စာရိတ္တနဲ့ပတ်သတ်ပြီး ယနေ့လူငယ်များ နွေရာသီအားလပ်ရပ်များတွင် ကျန်းမာစွာနေထိုင်သင့်ယုံသာမက စာရိတ္တကောင်းမွန်စေရန်ရည်ရွယ်၍ ဆွေးနွေးပြောကြားခြင်းဖြစ်ပြီး လူငယ်များအသိပညာများ တိုးတက်လာစေရန်အတွက် လူငယ်များအနေနဲ့ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်သင့်စေသော်လည်း စာရိတ္တကောင်းမွန်စေရန်အတွက် ပညာဗဟုသုတရစေမည့် အကြောင်းအရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ကျောက်တန်းမြို့ဒုတိယဦးစီးမှူး ဒေါ်အိသန္တာချိုနှင့်အတူ ဆွေးနွေးပြောကြားခဲ့သည်။

ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)