ချမ်းမြသာစည် ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ ၁၀၇ x ၁၀၉ လမ်းကြားရှိ မြန်မာ့သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (MIIT) တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၂၀၂၂ တက္ကသိုလ်ဝင်တန်းအောင်) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး မြန်မာ့သတင်း အချက်အလက်နည်းပညာတက္ကသိုလ်(MIIT) ပါမောက္ခချုပ် ဒေါက်တာဝင်းအေးက အမှာစကား ပြောကြားပြီးနောက် ပဥ္စမနှစ်ကျောင်းသား(၁)ဦးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပထမနှစ် ကျောင်းသား/သူ၂ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။ ထို့နောက် ပထမနှစ် ကျောင်းသား/သူများမှ သီချင်း/အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေ ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်မှ ဂုဏ်ပြုဆုငွေ ၂၃ သိန်းကျပ်အားချီးမြှင့်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာဝင်းအေးနှင့် ကျောင်းသား/သူများမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် ဌာနဆိုင်ရာများ၊ မြန်မာ့သတင်းအချက်အလက် နည်းပညာတက္ကသိုလ်(MIIT) ပါမောက္ခချုပ် ဒေါက်တာဝင်းအေးနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/သူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ခင်စိမ်းဝင်း