ရပ်စောက် ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက် ၈ နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ထုတ်ပေးရာတွင် ပထမနေ့တွင် အငြိမ်းစားပင်စင်လစာငွေ လာရောက်ထုတ်ယူသူ (၆၅၀)ဦးရှိပြီး ရပ်စောက်မြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းဦးရေ (၂၃၀၀)ရှိကြောင်းနှင့် ပင်စင်စားများ အဆင်ပြေစေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ လစဉ် ၂၁ ရက်နေ့မှ လကုန်ရက်နေ့အထိ နေ့စဉ် ဘဏ်ပိတ်ရက်မှအပ ဘဏ်ဖွင့်ရက်များတွင် နေ့စဉ်နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီအတွင်း ထုတ်ပေးလျက်ရှိကြောင်းနှင့် ကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ လစာငွေများကိုလည်း ဘဏ်ဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိကြောင်း ရပ်စောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဆုမွန်(ရပ်စောက်)