မိုင်းတုံမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာ၊ ရပ်မိရပ်ဖ၊ ဒေသခံတိုင်းရင်းပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ

မိုင်းတုံ ဖေဖေဝါရီ ၂၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဖေဖော်ဝါရီ(၂၁)ရက် မွန်းလွဲ(၂)နာရီက မိုင်းတုံမြို့နယ်၊ နယ်စပ်နှင့် တောင်တန်း ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်း(၆)မိုင်ရှိ ဆရာတော်အား သွားရောက်ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မ အလှူငွေများလှူဒါန်းပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် မိုင်းတုံမြို့ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ ရပ်ဖိရပ်ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံရာ မိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ခရိုင်အုပ်ချုပ်ရေးမှူး) ဦးငြိမ်းထွန်းကျော်မှ ဒေသဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ရပ်မိရပ်ဖနှင့်ဒေသခံတိုင်းရင်း သားပြည်သူများမှ ဒေသလိုအပ်ချက်များ တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တင်ပြချက် များအပေါ်ပြန်လည်ဖြေရှင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးအဖွဲ့မှ မိုင်းတုံခရိုင်၊မြိုနယ်ရှိဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးကပေးအပ်ရာ မိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်မှ လက်ခံရယူသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုင်းတုံမြို့နယ် နားကောင်းမူးနှင့်ဟောင်လိတ် ကျေးရွာရှိ တောင်သူဦးအားဝူစိုက်ပျိုးထားသော ကြက်သွန်ဖြူရေဖျန်းစနစ်စိုက်ခင်းအား သွားရောက်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်တို့က တောင်သူများအား ဓာတ်မြေ သြဇာနှင့် နေကြာမျိုးစေ့ကိုထောက်ပံ့ပေးအပ်၍ လီဆူတိုင်းရင်းသားများမှ ရိုးရာအကများဖြင့် ဖျော်တင် ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က လီဆူတိုင်းရင်းသားအကအဖွဲ့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေး၍ နားကောင်းမူးကျေးရွာတွင် ဖြိုးမင်းသန့်ကုမ္ပဏီမှ မွေးမြူထားသော နွားခြံအားသွားရောက် ကြည့်ရှုကြကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး )