ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့တွင် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို ယနေ့နံနက်( ၁၀:၀၀) နာရီမှက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည် ။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ၊ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်မှ သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြဖြစ်သည့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓါတ်ပုံကျွမ်းကျင် -၂ ဦးဇော်မျိုးထိုက်က သတင်းဓါတ်ပုံများအကြောင်း ၊ သတင်းဓါတ်ပုံရိုက်ကူးရာမှုဆိုင်ရာ သိကောင်းစရာများ၊ သတင်းဗီဒီယိုရိုက်ကူးမှုနှင့် အင်တာဗျူးအစီအစဉ်များရိုက်ကူးမှုဆိုင်ရာ သိကောင်းစရာများ၊ သတင်းရေးသားနည်း ၊ သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းများနှင့် သတင်းပေးပို့နည်းများ စသည်တို့ကို စနစ်တကျသင်ကြားပို့လျက်ရှိသည်။
အဆိုပါ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို Zoom Meeting Virtual System ဖြင့် ( ၂၃- ၂- ၂၀၂၃ ) ရက်နေ့မှ ( ၂၄ - ၂- ၂၀၂၃ ) ရက်နေ့အထိ သင်တန်းကာလ ( ၂ ) ရက်ဖြင့် နံနက် ( ၁၀:၀၀ ) နာရီမှ နေ့လည် (၁၂:၀၀) နာရီအထိ စနစ်တကျ သင်ကြားပို့ချလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ပြင်ဉီးလွင်ခရိုင်အတွင်းရှိ မြို့နယ်ရုံးများနှင့် မြို့ရုံးမှ အရာထမ်း ၊ အမှုထမ်းများ တက်ရောက်သင်ကြားလျက်ရှိပါကြောင်း သိရသည် ။
ခရိုင် ( ပြန် / ဆက် )