ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၂၃
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၈) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲသို့လည်း ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၉၆) ဦးတို့ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထန်းတပင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က (ထန်းတပင်) စာစစ်ဌာန (၁) ခုတို့တွင် ကျင်းပသွားမည်ဖြစ်ပြီး စာစစ်ဌာန (၁) ခုတွင် အခြေခံပညာအထက် တန်းကျောင်း (၁) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၂) ကျောင်း စုစုပေါင်းကျောင်း (၃) တို့မှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆို ကြမည်ဖြစ်ကြောင်းလည်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနက် ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား (၁၂) ဦး၊ ကျောင်းသူ (၁၀) ဦးရှိသလို ကျောင်းပြင်ပဖြေဆိုမည့် ကျောင်းသား (၁၁၆) ဦးနှင့် ကျောင်းသူ (၁၅၈) ဦးရှိရာ ကျောင်းတွင်းနှင့် ကျောင်းပြင်ပဖြေဆိုမည့် ကျောင်းသား (၁၂၈) ဦးနှင့် ကျောင်းသူ (၁၆၈) ဦး စုစုပေါင်း (၂၉၆) ဦးရှိကြောင်းသိရပြီး စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကိုလည်း အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းတွင် ထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)