နွားထိုးကြီး ဖေဖော်ဝါရီ ၂၃
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်း (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ယမန်နေ့ နံနက်(၁၀)နာရီက သင်းတယားကျေးရွာ၊ ဇေယျာသိဒ္ဒိ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များပါဝင်သော ဌာနဆိုင်ရာအကြီးအကဲများမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး မြို့နယ်စီမုံပ်ချုပ်ရေးအဖွဲ့ ဦးအောင်နိုင်ဦးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်များ (၉)ရပ်အား ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေးရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ရီရီဝင်းက ၂၀၂၃ ခုနှစ်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ PR စနစ်ဖြင့် ဆောင်ရွက်မည့် အစီအစဉ်များအား ပြည်သူများသိရှိနားလည်အောင်ရှင်းလင်းဆောင်ရွက်ပြီး မြို့နယ် လဝက ဦးစီးဌာနမှ ဒုလ/ထ လဝကမှူး ဦးသိန်းဇော်မှ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေစာရင်း ပျက်စီးပျောက်ဆုံးကိစ္စနှင့် ပတ်သက်၍ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့်ကိစ္စများကို ရှင်းလင်းဆွေးနွေးပြီ ဌာနဆိုင်ရာအကြီးအကဲများမှ မိမိတို့၏လုပ်ငန်းနှင့် သက်ဆိုင်သောလုပ်ငန်းများကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်