မဘိမ်းမြို့နယ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ နှစ်ဆုံးစာပေးပွဲဖြေဆို

မဘိမ်း ဖေဖော်ဝါရီ ၂၃        

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲများကို ယနေ့ နံနက် ၉ နာရီအချိန်က အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲများတွင် စာဖြေဌာန(၇)ခု၌ အင်္ဂလိပ်စာဘာသာရပ်ကို စာရင်းရှိကျောင်းသား၊ ကျောင်းသူ ၅၇၇ ဦးရှိပြီး ၄၃၀ ဦးဝင်ရောက်ဖြေဆို လျက်ရှိကြောင်းနှင့် Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ သက်ဆိုင်ရာစာဖြေဌာနများ၌ ဆက်လက်ဖြေဆိုသွားမည်ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးမင်း (မဘိမ်း)