မိုင်းယန်း ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့်(Grade-9)/ (Grade-၅) ကျောင်းသား/ ကျောင်းသူများ အတန်းတင်စာမေးပွဲကို ယနေ့နံနက်ပိုင်းတွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ဖြေဆိုမှုတွင် စာစစ်ဌာန(၂)ခုဖွင့်လှစ်ပြီး ဖြေဆိုသူ ကျောင်းသား(၁၂)ဦး၊ ကျောင်းသူ(၂၆)ဦး၊ စုစုပေါင်း(၃၈)ဦးနှင့် (Grade-၅)ဖြေဆိုမှုတွင် စာစစ်ဌာန(၁၃)ခုဖွင့်လှစ်ပြီး ဖြေဆိုသူ ကျောင်းသား (၆၇)ဦး၊ ကျောင်းသူ(၇၃)ဦး စုစုပေါင်း (၁၄၀)ဦး ဝင်ရောက်ဖြေဆိုကြရာ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ကြီးကြပ်ရေးမှူးများနှင့် တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထွန်းထွန်းထူး