သိန္နီ ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှနွေရာသီ အခြေခံအားကစားသင်တန်းကို မြိုနယ်အားစကားကွင်း၌ ယမန်နေ့ညနေပိုင်းအချိန်က စတင်ကာဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ အခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေး/ခုန်/ ပစ်၊ အေရိုးဗစ် စသည့်အားကစားနည်းများကို သင်ကြားပေးခြင်းဖြစ်ပြီး ပြည်နယ်အဆင့်၊ ခရိုင် အဆင့်၊ မြို့နယ်အဆင့် လက်ရွေးစင်အားကစားသမားနည်းပြ (၅)ဦးနှင့် ကြီးကြပ်သူ(၁)ဦးတို့က သင်ကြားပေးခြင်းဖြစ်သည်။ ကျောင်းသား/ ကျောင်းသူများနှင့် လူငယ်လူရွယ်များအား ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်၊ အားကစားတွင် ထူးချွန်ထက်မြက်စေရန်၊ ကျန်းမာရေးကို အထောက်အကူပြုစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်အတွက် ရည်ရွယ်၍ သင်တန်းအား ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ အဆိုပါသင်တန်းအား ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှ (၂၈) ရက်နေ့အထိ နေ့စဉ် ညနေ (၃)နာရီမှ (၅)နာရီအထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းသား/ သင်တန်းသူ (၂၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)