တောင်ဥက္ကလာပ ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုး က ဝန်ထမ်းများအနေဖြင့် လုံခြုံရေးသတိရှိဖို့၊ ဌာနဆိုင်ရာများအနေဖြင့် ရုံးဥပဓိရုပ်ကောင်းမွန်းစေရေး၊ မိမိတို့ရုံးလုံခြုံရေးအတွက် ရုံးပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်အောင်ဆောင်ရွက်ထားရန် နှင့် ရုံးတွင်စနစ်တကျရုံးစောင့်တာဝန်ချထားရန်၊ မြို့နယ်ဖွံ့ဖြိုးရေးအတွက် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအား အရှိန်အဟုန်မပျက် ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွန်မှာကြား ဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)