ကျိုင်းတောင်း ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ ၂၀၂၃ခုနှစ်၊ မတ်လအတွင်းကျင်းပမည့် တက္တသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၅၅)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း အခြေခံပညာအထက်တန်းကျောင်း (တုန်ဟုန်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်လောင်ထံမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနအဖြစ် အခြေခံပညာအထက်တန်း ကျောင်း (တုန်ဟုန်း)၌ အခြေခံပညာအထက်တန်းကျောင်းမှ သင်းရိုးဟောင်းစနစ်အား ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ယခုနှစ်တွင်မရှိသဖြင့် ပြင်ပဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၅)ဦးတို့က ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)