ချမ်းအေးသာစံ ဖေဖောမဝါရီ ၂၃
မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် ဝင်္ကပါပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနိုင်က ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် ဝင်္ကပါပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများကို ဆက်လက်ကျင်းပပေးခဲ့ရာ အမှတ်(၅) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း သရက်ပင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ဒုတိယဦးစီးမှူး ဦးမောင်မောင်က ပြိုင်ပွဲတွင်ဆုရွေးချယ်သည့်စည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
တင်ဇာလှိုင်