ရန်ကုန် ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မတ်လ ၈ ရက် နေ့တွင်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၄)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းအဆင့်ကျောင်း (၄) ကျောင်း ရှိသည့်အနက် တက္ကသိုလ်ဝင်စာမေးပွဲကို ပုဇွန်တောင်မြို့နယ်၏ စာစစ်ဌာနဖြစ်သော အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစာမေးပွဲသို့ အတွဲ (၁)ဖြင့် ဖြေဆိုသူ (၄၀) ဦး၊ အတွဲ (၂) ဖြင့် ဖြေဆိုသူ (၆) ဦး၊ အတွဲ (၇)ဖြင့် ဖြေဆိုသူ (၅၈)ဦး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၀၄)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း နှင့် စာမေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဟန်စုယဉ်