သာစည် ဖေဖေါ်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာအုပ်စု၊ ကျောင်းရွာကျေးရွာရှိ ဆည်ရေပေးမြောင်းများ တူးဖော်ခြင်းနှင့်ရေပေးဝေရေးအဆောက်အအုံများ ပြုပြင်တည်ဆောက်ပြီးစီးမှုအခြေအနေအား ယမန်နေ့ကတာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ ဆည်ရေပေးမြောင်းများ တူးဖော်ခြင်းနှင့် ရေပေးဝေရေးအဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းအား မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ မိတ္ထီလာခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှုးဦးမြတ်ဇော်သိန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးသက်ကျော် နှင့်အဖွဲ့ဝင်များ၊မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးသူရအောင်နှင်ဝန်ထမ်းများက ကြက်မောက်ကျေးရွာအုပ်စုအတွင်းရှိ ဧက ၂၀၀ ရေရရှိရေးအတွက် ဆည်ရေပေးမြောင်းများတူးဖော်ခြင်း၊ ရေပေးဝေရေးအဆောက်အအုံများ ပြုပြင်တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် မိတ္ထီလာကန်မှပျူတွင်းဆည်အတွင်းသို့ ရေဝင်ရောက်မှုအခြေအနေများ၊ ပျူတွင်းဆည်မှ ရေပေးမြောင်းများသို့ ရေပြန်လည်ပေးဝေနေမှုအခြေအနေများ၊ ရဲဘော်-၂ ဆည်အတွင်းသို့ ရေဝင်ရောက်မှု အခြေအနေနှင့် ရေပေးဝေမှု အခြေအနေများအား လိုက်လံ၍ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဆည်ရေပေးမြောင်းများတူးဖော်ခြင်းနှင့် ရေပေးဝေရေးအဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများအားစံချိန်စံညွှန်းနှင့်အညီပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်