သီပေါမြို့နယ်၌ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူစု စုပေါင်း (၂၀၂) ဦး ဝင်ရောက်ဖြေဆိုမည်

သီပေါ ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၃ခုနှစ် မတ်လ(၈)ရက်နေ့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀၂)ဦးဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း(၉)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၃)ကျောင်း၊ စုစုပေါင်း (၁၂) ကျောင်းရှိသည့် အနက်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို သီပေါမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် နမ့်လန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတို့တွင် စာစစ်ဌာန (၂)ခုဖွင့်လှစ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သီပေါမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၁၈၄) ဦး၊ နမ့်လန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် (၁၈)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၀၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်းနှင့် စာမေးပွဲကို ၂၀၂၃ခုနှစ် မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း  မြို့နယ် ပညာရေးမှူး ရုံးမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)