ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ဖြေဆိုခွင့်ကတ်များထုတ်ပေးလျှက်ရှိ

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၃

၂၀၂၃-ခုနှစ်၊ မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပမည့်တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့်ကတ်များကို၊ ဖေဖော်ဝါရီ(၂၀)ရက်နေ့မှစတင်၍ မြို့နယ်အလိုက်ထုတ်ပေးလျှက်ရှိရာ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့်အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ထုတ်ပေးလျှက်ရှိနေပြီး၊ကျောင်းသား/ကျောင်းသူများ လာရောက် ထုတ်ယူလျှက်ရှိကြောင်းသိရသည်။

အဆိုပါစာမေးပွဲဖြေဆိုခွင့်ကတ်များထုတ်ပေးရာတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ချက်များ အတိုင်းထုတ်ပေးနေခြင်းဖြစ်ပြီး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် နံနက်(၉နာရီမှ ညနေ(၃)နာရီအထိ၊ လိုင်စင်ဓာတ်ပုံ(၁)ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်(သို့မဟုတ်) အိမ်ထောင်စုဇယား(ပုံစံ-၁၀)မိတ္တူယူဆောင်၍ စာမေးပွဲဝင်ရောက်ဖြေဆိုမည့်ကျောင်းသား/ကျောင်းသူကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ကြောင်းသိရပြီး၊ ဝင်ခွင့်ကတ်လာရောက်ထုတ်ယူသည့် ကျောင်းသားများအနေဖြင့် မိမိတို့ဖြေဆိုရမည့်စာစစ်ဌာနနှင့်ခုံအမှတ်များ၊ ဖြေဆိုရမည့်အခန်းများကို ကြော်ညာဘုတ်များတွင် တစ်ပြိုင်နက်ကြည့်ရှုမှတ်သားသွားနိုင်ရန်လည်း စီစဉ်ထားရှိကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁)အ.ထ.က(တိုးချဲ့) စာစစ်ဌာနနှင့် (ပင်မ)စာစစ်ဌာန၊ ပုပ္ပားအ.ထ.က စာစစ်ဌာန၊ လက်ပံပျား အ.ထ.က စာစစ်ဌာနဟူ၍ စာစစ်ဌာန(၄)ခု ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်းသိရပြီး၊အဆိုပါစာစစ်ဌာနများ တွင်ကျား(၃၆၈)ဦး၊ မ(၇၉၆)ဦး စုစုပေါင်း(၁၁၆၄)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)