ပျော်ဘွယ် ဖေဖော်ဝါရီ ၂၃
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပျော်ဘွယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင် ရွက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာနေဒေသခံ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက တောတွင်လှကျေးရွာ ခန်းမတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှု ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်လွင်ဦးက နိုင်ငံတော်အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဦးစားပေးဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု များကိုလည်းကောင်း၊ ဗိုလ်မှူးကြီး ဟန်မင်းအောင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးတိုးတက်မှသာလျှင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေး သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများအနက်မှ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပေးနိုင်ခဲ့မှုအခြေအနေများ၊ သက်ဆိုင်ရာဌာနများမှတဆင့် ဆောင်ရွက်ပေးရန်လိုအပ်နေသည့်လုပ်ငန်းများအား ဘဏ္ဍာနှစ် အလိုက်ရန်ပုံငွေခွဲဝေချထားပေးရန် တောင်းဆိုခဲ့မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသည့်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွာမိရွာဖများက ကျေးရွာအတွင်း ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်နေသည့် လုပ်ငန်းများကိုဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးတင်ပြကြရာ သံချပ်ကာစစ်ဆင်ရေး ကွပ်ကဲမှု ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်လွင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်နှင့် သက်ဆိုင်ရာဌာနများမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကိုပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)