ချမ်းမြသာစည် ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကြွပ်ကြွပ်အိတ်အန္တရာယ်အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲ (Talk Show)တွင် ကြွပ်ကြွပ်အိတ်များသုံးစွဲခြင်း၏ အန္တရာယ်များ၊ ဆိုးကျိုးများ၊ ရှောင်ရှားသင့်သည့်အကြောင်းအရာများ၊ လျော့ချသုံးစွဲသင့်သည့်နည်းလမ်းများ၊ ပြန်လည်စွန့်ပစ်ခြင်း၏ ဘေးထွက်ဆိုးကျိုးများအကြောင်းတို့ကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ (Talk Show) ဆွေးနွေးပွဲကို မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်း၀င်းနှင့် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်တို့က ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခင်စိမ်းဝင်း