ဗဟန်းမြို့နယ်တွင် Lock down ချထားသော လမ်းများအတွင်းရှိ အိမ်ထောင်စုဝင်များအား We Love Yangon နှင့် We Love Bahan တို့မှ အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန် စက်တင်ဘာ ၂၉


ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့သော ရပ်ကွက်များအတွင်း၌ လမ်းများတွင် Lock Down ချထားသော အိမ်ထောင်စုဝင်များအတွက် စားဝတ်နေရေး အဆင်ပြေစေရန် We Love Yangon နှင့် We Love Bahan တို့မှ ယနေ့ နံနက်ပိုင်းက ဆက်လက် လာရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် Lock Down ချထားသည့် ဗဟန်းမြို့နယ်အတွင်း၌ ကျန်ရှိနေသော ရပ်ကွက်များ ဖြစ်သော ဆရာစံ(မြောက်/အနောက်)ရပ်ကွက်၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ရေတာရှည်ရပ်ကွက်၊ ရွှေနံ့သာ ရပ်ကွက်၊ မြို့မရပ်ကွက်များအတွင်းရှိ လမ်းများအတွင်း လတ်တလော စားဝတ်နေရေးအဆင်ပြေစေရန် Quarantine ဝင်နေသော အိမ်ထောင်စုများအား၊ We Love Yangon၊ We Love Bahan နှင့် ရပ်ကွက် အတွင်းနေ စေတနာရှင်ပြည်သူများက ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးသေတ္တာ၊ ငါးနီတူးကြော်၊ ဘာလချောင်ကြော်၊ ရှူးရှဲလက်ဖက်ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်ထုပ်၊ နှာခေါင်းစည်း Masks များကို ဆက်လက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)