ဆည်တွင်းကျေးရွာတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသောဘူးပင်များ အောင်မြင်ဖြစ်ထွန်း၍ မိသားစု အပိုဝင်ငွေရရှိ

ရမည်းသင်း ဖေဖော်ဝါရီ  ၂၃

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ဆည်တွင်းကျေးရွာတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ဘူးပင်များ အောင်မြင်ဖြစ်ထွန်း၍ မိသားစု‌ အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဘူးပင်များ စိုက်ပျိုးရာတွင် (၅)ရက်တစ်ကြိမ် ရေလောင်းပေးရကြောင်း ပိုးသတ်ဆေး အသီးအားဆေးများ   ပတ်ဖျန်းပေးရကာ  မိုးဦးရာသီစိုက်တော့ မိုးရေနဲ့ မြေအစိုဓာတ် ကောင်းစွာရရှိပြီး အပင်ဖြစ်ထွန်းမှု မြန်ဆန်ကြောင်းနှင့် စိုက်ပျိုးရာမှာ အပင်သန်ပြီး အပင်အပြုအစု ကောင်းပါက စိုက်ပျိုးပြီး (၁)ခွဲလအကြာတွင် အသီးများခူးဆွတ်‌‌ ရောင်းချလိုရပြီဖြစ်ကြောင်း သိရသည်။

ဘူးသီးတစ်လုံးကို ယခင်ကငွေကျပ်(၈၀၀) ရောင်ချရပြီး ယခုတော့ ဘူးသီးတစ်လုံးကို (၃၀၀)ကျပ်‌ ရောင်းချကာ (၅)ရက် တစ်ပတ်ကို အလုံး(၅၀) ခူးဆွတ်ရပြီး အိမ်အသုံး စရိတ်ရကြောင်း ဘူးပင်စိုက်‌တောင်သူများထံက သိရသည်

ခရိုင် (ပြန်/ဆက်)