လင်းခေး စက်တင်ဘာ ၂၉
၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် လင်းခေးမြို့နယ် မဲရုံလုံခြုံရေး အထူးရဲ တာဝန် သင်တန်း တက်ရောက်မည့် သင်တန်းသားများအား ကျန်းမာရေးစစ်ဆးပေးခြင်း ကို ယနေ့နံနက် ၉ နာရီက လင်းခေးမြို့၊ပုန်းထွန် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတက်ရောက်မည့် အထူးရဲ(၃ဝ)ဦးအား လင်းခေးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးလှိုင်ဦး ဦးစီးအဖွဲ့ ကြီးကြပ်မှုဖြင့် လင်းခေးခရိုင်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ် ကျန်းမာရေး ဦးစီးမှူးဦး မျိုးကျော်သူနှင့် တာဝန်ရှိသူတို့က ၄င်းတို့တစ်ဦးချင်းအလိုက် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပေးခြင်း တို့ကို ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိသည်။
စိုင်းဇော်လတ်(လင်းခေး)