သိန္နီမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

သိန္နီ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင် ရေးအတွက် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ လူနေအိမ်များ၊ အခြေခံပညာကျောင်းများ၊ ဓါတ်ဆီဆိုင်များ၊ ဘဏ်များ၊ Oriental High Way ကုမ္မဏီများသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက အရေးပေါ်အသုံးပြုနိုင်ရန် မီးသတ်ဆေးဗူးထားရှိမှုအခြေအနေများ၊ ရေသိုလှောင်ထားမှုအခြေအနေများ၊ ဂိုဒေါင်များတွင်  ပစ္စည်းသိုလှောင်ထားမှုအခြေအနေများ၊ လောင်စာဆီ သိုလှောင်မှုအခြေအနေများ၊ လျှပ်စစ်သွယ်တန်းမှု အခြေအနေများ၊ လူနေအိမ်များတွင် ချက်ပြုတ်သည့်နေရာများအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။ မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက မီးသတ်ဆေးဗူး အသုံးပြုနည်းများကိုလည်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)