ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား စတင်ထုတ်ပေး

ရသေ့တောင် ဖေဖော်ဝါရီ  ၂၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများ ယမန်နေ့ မွန်းလွှဲ ၁၂  နာရီမှ နေ့လယ် ၃ နာရီအထိ သက်ဆိုင်ရာ  စာစစ်ဌာနတွင် ထုတ်ပေးနေပြီ‌ဖြစ်‌ကြောင်း သိရသည်။ 

ရသေ့တောင်မြို့နယ်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာန(၂)ခုဖွင့်လှစ် ထားရှိသွားမည်​ဖြစ်ပြီး မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ အတွင်း‌ဖြေ(၃၀)တွင် ၊အပြင်ဖြေ (၁၄၂၀)ဦး၊ မြို့နယ်ချုပ် စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ၁၄၅၀ ဦးရှိပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်ကတ်များအား ယမန်နေ့မှစ၍ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဘာသာတွဲအလိုက် စာမေးပွဲဖြေဆိုချိန် မတိုင်မှီအချိန်ထိ ထုတ်ပေးသွားမည် ဖြစ်ကြောင်း ၊ ဖြေဆိုခွင့်ကတ် ထုတ်ယူရာတွင် ကျောင်းသား/သူများ အနေဖြင့် မှတ်ပုံတင်မိတ္တူ ၊ ဓါတ်ပုံ(၁)ပုံ  ၊ ရပ်ကွက်ထောက်ခံစာ(မူရင်း) များ ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။ 

ထွန်းလင်းကျော်(ပြန်/ဆက်)