ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade- 5 နှင့် Grade- 9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲစတင်ဖြေဆို

ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် စတုတ္တတန်း (Grade- 5)နှင့် အဋ္ဌမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှစတင်၍ သက်ဆိုင်ရာကျောင်းများအလိုက် စတင်ဖြေဆိုလျက်ရှိ‌ကြောင်း သိရသည်။

‌ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ခရိုင်စစ် Grade-5 ကျောင်းသား၊ ကျောင်းသူစာရင်းရှိ(၁၇၁၂)ဦးတွင် (၁၇၁၁)ဦးဖြေဆိုပြီး  ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၉.၉၄)ရှိကာဖေဖော်ဝါရီလ (၂၈)ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့်လည်းကောင်း၊ တိုင်းစစ် Grade-9 ကျောင်းသား၊ ကျောင်းသူစာရင်းရှိ(၁၃၄၄)ဦးတွင် (၁၃၄၀)ဦးဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၉.၇၀)ရှိကာ မတ်လ(၁)ရက်နေ့အထိ တစ်ရက်လျှင်တစ်ဘာသာနှုန်းဖြင့် ဖြေဆိုသွားမည်ဖြစ်‌ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နှစ်ဆုံးစာမေးပွဲများကို အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာ‌‌ရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျ ဆရာ၊ ဆရာမများက အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများက လုံခြုံရေးကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်ထံမှ သိရှိရသည်။

နီလာ(ပြန်/ဆက်)