ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ကျောက်ဖြူ   ဖေဖော်ဝါရီ   ၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအားယမန်နေ့မှစတင်ကာ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးလျှက်ရှိရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့်  ပင်စင်လစာငွေများထုတ်ယူရာ၌ အဆင်ပြေချောမွေ့စေကာ အခက်အခဲမဖြစ်ပေါ်စေရန်အတွက်  ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် နံနက် ၇ နာရီမှစ၍ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိပြီး  သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသော အငြိမ်းစားဝန်ထမ်းများကို မတ်လလဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း ဆက် လက် ထုတ်ပေးသွားမည်ဖြစ်သည်။

ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လာရောက်ထုတ်ယူသူ ၂၅၀၀ ကျော် ခန့်ရှိပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပင်စင်လာရောက်ထုတ်ယူသူ ၆၀၈ ဦးတို့အား ပင်စင်လစာငွေ ၆၈.၈၄သန်းအား ထုတ်ပေးထားပြီးဖြစ်ကာ ပင်စင်လစာထုတ်ယူရန်ကျန်ရှိနေသူများကိုလည်း  ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)